Thursday 15 October 2009

ချစ်သောမမဝါသို့

မမဝါရေ.. ဓါတ်ပုံတွေ ဖြုတ်ပြီးသွားတဲ့အတွက် မမစိတ်ချမ်းသာပျော်ရွှင်နေမယ်လို့ ကျမမျှော်လင့်ပါတယ်။ မဝါပြောသလို အေးအေးဆေးဆေးနေတတ်ပြီး အပြိုင်အဆိုင်ကင်းတဲ့ blogger တွေ ကိုလဲစိတ်အနှောင့်အယှက် မဖြစ်စေချင်ပါဘူး၊ တစ်နေ့ညကတော့ မရီတာ နဲ့ gtalk ပြောလိုက်ရသေးတယ်၊ သူကလဲကျမကိုဆုံးမသွားပါတယ်၊ သူကစာကြီး ပေကြီး တွေ ဖတ်လို့လား မသိ စကားပြောတာလဲအ တော် တည်ငြိမ် ရင့်ကျက်တယ်၊ မမဝါနဲ့ တွေ့ ခဲ့ရတာဂုံဏ်ယူ စရာမဟုတ်သလို မခင်ဦးမေနဲ့ မတွေ့ ရတာလဲ ဝမ်းနဲစရာမလိုပါဘူးဆိုတဲ့ အကြောင်း၊ အခု သူတို့သူငယ် ချင်းတွေ အချင်းချင်း လဲထင်ယောင် ထင်မှားတွေဖြစ်နေကြရတယ်ဆိုတဲ့အကြောင်း တွေပြောသွားတယ်။ သူတို့က steve ကိုထင်နေကြတာတဲ့၊ အဲဒီလိုတွေဖန်တီးတာမကောင်းပါဘူးတဲ့ ဆိုပြီးဆုံးမခံလိုက်ရပါတယ်....အဟဲ ကျမကတော့ တော်တော်ပျော် သွားတယ်မမဝါ၊ steve ဆိုတဲ့ လူ လဲအခုချိန်လောက်ဆို သူ့ gtalk list ရဲ့ မြောက်များလှစွာသော မိန်းခလေး တွေ ထဲက ဘယ်တစ်ယောက်ပါလိမ့်လို့ ဆန်းစစ်နေလောက်ပြီ၊ ဒါပေမဲ့ မမှုပါဘူးကျမ တို့က တစ်ယောက်ထဲ မဟုတ်ဘူးလေ၊ နာမည်ပေါင်းများစွာနဲ့ပေါ့နော့။

ဒီလူက မမ သိတဲ့အတိုင်း ထောင့်မကျိုးဘူးလေ သူ့ကိုသူ england ကဆိုပြီးမာန်တက်နေတာ၊ စကားကလဲဖောင်းသေးတယ်၊ ဆော်ဖန်ချင်ပြီး ဆော်မရဘူးဖြစ်နေတဲ့လူ၊အထက်စီးကလေဘယ်ရပါ့မလဲ၊ မမသိတယ် မဟုတ်လား၊သက်တန့်ချိုဆို ဆရာဝန်ပဲ ဘယ်မှာ ထောင်လို့လဲ စာအရေးသားကောင်းတယ်၊ သူ့ blog ဝင်ကြည့်လိုက်ရင် ယဉ်ကျေးတဲ့အသုံးတွေ နဲ့စာဖတ်သူတွေကို ကြိုဆိုထားတာ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်သလဲမဝါရယ်၊ ထူးဆန်းထွေလာ post တွေလဲတင်ထားတာ တော်တော်ဗဟုသုတရတယ်။ ဟင်း ဟင်း....steve ဆိုတဲ့လူကိုလဲ ဖိတ်ခေါ်ပါတယ်၊ gtalk မှာ add ပြီးလာဆဲလို့ရပါတယ်။ မဝါရယ် ဒီလိုရေးလို့ ဒီလိုမေတ္တာ တွေပို့ခံရမယ်ဆိုတာသိတာပေါ့်၊ လူအများချစ်ခင် အောင်ရေးရင်လဲ ရေးလို့ရတာပေါ့နော်၊ ဖိုးစိန် တို့လိုလေ သူ့blog ဖတ်ပြီး သူ့ကိုသနား လဲသနားတယ်၊ လေးလဲလေးစားတယ် သူ့ဘဝရဲ့ အမှန်တွေကို ပြောပြီး ရိုးရိုးသားသားလေးရေးထားတာ။ ဒါပေမဲ့ မဝါရယ် mmblog လောကကြီးဘယ်လောက်ပျင်းဖို့ကောင်းလဲ၊ ကမ္ဘာကျော် media ကြီး တွေတောင် ကမ္ဘာကျော်celebrities တွေ မကောင်းကြောင်းရေး ကြသေးတာပဲ၊ ကျမလဲ လူတွေစိတ်ဝင်စားတဲ့celebrity mm bloggers တွေရဲ့ အတင်းတွေရေးခွင့်ရှိတာပေါ့ နော်။,ဟုတ်တယ်မဟုတ်လားမဝါ။

မခင်ဦးမေအကြောင်း တော့ ပြီးသွားပြီလေ၊ သူ့စီဘောက်မှာလဲ အတုနာမည် တွေအများ ကြီးနဲ့ သူ့ကိုယ်မယုံ ကိုယ့် သူ့မယုံနဲ့ စွတ်စွဲနေကြတာ ကျမကတော့ ပွဲကြည့်ပိရိတ်သတ်အနေနဲ့ ရယ်နေမိတယ်။ သူကနပ်တယ်လေ လူတွေ အမြင်မှာ သဘောထားကြီးသူလိုလို၊ မဝါရေးသလို လိမ္မာသော အဝေဖန်ခံနိုင် သူလိုလိုနဲ့ ၊စီဗုံး ကို တစ်ခါမှ မလာသလိုလိုနဲ့ သူလုပ်တာ တွေသူအသိဆုံး ဖြစ်မှာပဲ။ စီဘောက် မှာ အမြဲစောင့်ကြည့်တတ်တဲ့ ကျမတို့ ကတော့ ဘယ်သူက ဘယ်လေသံ ဆိုတာ ဖမ်းတတ်နေပါပြီ။ တစ်ချို့တွေကရိုးတယ်လို့ထင်ရလောင် အောင်ကိုလည်တယ် ဆိုတဲ့ စာဆိုလဲရှိတယ်မဟုတ်လား၊ မရီတာ ပြောသလို သူလဲ အကြောင်းကြောင်း ကြောင့်၊ ghost ပြော သလို အကြောင်းမျိုးစုံကြောင့် ကျမတို့နဲ့ မတွေ့ နိင်တာဖြစ်မှာပါ၊ ဒါနဲ့....စကားမစပ် ဝေဖန်ရေး blog အသစ် တစ်ခုပေါ်နေတယ်လေ မဝါလဲသိပြီးရောပေါ့၊ အ ဟင်း.... လုပ်နည်းလုပ်ဟန်တွေကတော့ကျမအတိုင်းပဲ ၊ အဲဒီ blog link လေး ကို မနိုင်းနိုင်း နဲ့ မkom စီ ဘောက်မှာ အချင်းချင်း အတင်းပြောသလိုနဲ့လာချသွားတာ၊ စီဘောက်တစ်ကာလည်နေတဲ့ကျမက သိတာပေါ့မဝါရယ်။ အဲဒီတော့လဲ welcome ပေါ့၊ ဟီးဟီး အပျင်းပြေတာပေါ့။ အလကားရတဲ့ web page ကြီးမှာ လွတ်လပ်စွာ ကြိုက်တာတွေ တွေး....ရေးပြီး၊ ဒီမိုကရေစီကျစွာ သဘောကွဲလွဲခွင့် ရှိကြ တဲ့ခေတ်ကြီးပါရှင်။ မရီတာကပြောသွားသေးတယ်၊ JD က စိတ်ထားကောင်း ပါတယ်တဲ့......အင်း ဟုတ်မှာပါ၊ ယောက်က်ျားသားပေမဲ့ တစ်ခါတစ်လေတော့လဲ အသုံးချခံ နယ်ရုပ်ခလေး တွေဖြစ်သွားတတ်တာ ဓမ္မတာပါပဲ။ နောက်ထပ် နယ်ရုပ်ခလေး Boyz ကိုလဲ gtalk မှာ add ထားပေမဲ့ စကားမပြောဖြစ်သေး ဘူး၊ မဝါ ရေ နောက်နေ့ ဆက်ပြောမယ်နော် တစ်ခြား တစ်ခြားသော celebrity bloggers တွေအကြောင်း။ မမတို့မိသားစု ပျော်ရွှင်ပါစေ။