Tuesday 13 October 2009

ရွာသားလေး(YTU) သို့ပေးစာ (အပိုင်း ၄)

သူငယ်ချင်းရေ ဒီနေ့ တော့ မဝါဆီ က mail ရလာတယ်၊ မဝါက ဓတ်ပုံ ဖြုတ်ပေးဖို့ တို့ကို request လုပ်လာတာပါ၊ ရုပ်ကလေးချောသလိုသဘောထားလဲပြည့်ဝတဲ့ မဝါကို တို့ကအမြဲ respect ရှိပြီးသား၊ တို့ကိုမပူလောင်ဖို့ လဲ ဆုံးမစကားတွေပြောသွားသေး၊ တစ်ခြားလူဆိုရင်တော့ ပြန်ကောလိုက်မိမယ်၊ မဝါ တို့လင်းလက် တို့လို အိမ်ထောင်ရှင်မကောင်းလေးတွေနဲ့ တော့တို့က အမြဲ တမ်းမိတ်ဆွေပဲဖြစ်ချင်ပါတယ်။ မဝါရေ အခုဖြုတ်လိုက်ပြီနော်၊ မဝါ ဆု တောင်းပေးသလို ကျမအေးချမ်းပါတယ်၊ ဒေါသတွေလဲမပွါး ပါဘူးလေ၊ လျှို့ဝှက်ချင် သူတွေကိုစပ်စု တတ်တဲ့ ဝါသနာပဲရှိတာပါ မဝါ ရယ်၊ အဟဲ ခုတော့စာနဲနဲ ဆက်ရေးလိုက်ဦး မယ်နော်...ကျမဒီလို တွေရေးတဲ့အတွက်လူ မုန်းများမယ်ဆိုတာ သိတယ်လေ၊ ကို့ကိုဝိုင်းဆဲဖို့စောင့်နေကြတာမဟုတ်လား၊ ဒါကြောင့်ဘယ်စီဘောက်မှမသွားပဲ ကိုယ့် blog မှာပဲ ကိုယ်ရေးတာ၊ ကျမကို အောက်တန်းကျတဲ့ မိန်းမလိုလိုယောက်ကျားလိုလိုဆိုပြီး တင်စားတဲ့သူကတင်စားနဲ့၊ ဆိတ်...ဟိုဟာဆိုပြီးရေးချင်တဲ့သူကရေးနဲ့၊ စိတ်မနှံ့သူလို့ဝေဖန်သူ နဲ့၊ ဒီလို ဆိုးရွားနိမ့်ကျလှစွာ သောဂုံဏ်ပုတ်တွေနဲ့ ကျမလို လူမျိုး ရဲ့ နာမည်ကိုမှ အတုလုတ်ပြီး မkom စီဘောက်မှာသွားပြောတဲ့သူကရှိသေးတယ်။ မဝါကို တိုင်တည်ပြီး ပြောတယ်နော် ကျမဘယ်စီဘောက်မှာမှ မလည်တော့ပါဘူး။

Boyz ကလဲကျမကိုဆဲထား သေးတယ်နော် Boyz သူငယ်ချင်းမ မဲလေး စီဘောက်မလာ တာကျမကြောင့်တဲ့၊ Boyz ရယ် သူ့မှာ ပိုင်ဆိုင်သူရှိလို့လေ မအားတာလဲနေမှာပေါ့၊ကျမကြောင့်ချည်းပဲမဟုတ်နိုင်ပါဘူးလေ၊ Boyz လို ယောက်က်ျားပီပီသသ ပုံနဲ့ဆို Boyz လိုချင်တဲ့ ကိုရီးယားမလေးတွေ အများကြီးရနိင်ပါတယ်၊ Boyz ရဲ့ ဓါတ်ပုံထဲက ချစ်စရာ vietnamese မလေးတွေလဲ ကိုရီးယား မင်းသမီးလေးတွေနဲ့တူပါတယ်။ Boyz ကတို့ကို အခြောက်လိုလို ကောင်တဲ့ တို့ကစိတ်မဆိုးပါဘူး၊ Boyz အသံထွက်ပြီးအားရပါးရ ဆဲလို့ရအောင် g talk မှာ add ထားတယ်၊ Mr.Boyz@gmail.com မဟုတ်လား၊ စီဘောက်ထဲမှာ မရီတာကိုလား vista ကိုလားပေးသွားတာ၊ Boyz ရဲ့အသံ ပြင်းပြင်းထန်ထန်တွေကို စောင့်နေပါ့မယ်၊ အင်း.....Boyz ရေ စီဘောက်ထဲမှာ ghost ဆိုတဲ့ တစ်ယောက်ပြော သွားလို့ မkom အကြောင်းလဲ တော်တော်စုံ သွားတယ်၊ ဟုတ်လားမဟုတ်လားမသိပါဘူး၊ သူ့စွတ်စွဲချက်တွေကကိုယ့်ထက်ပိုပြင်းထန်သေးတယ်၊အကုန်တော့ယုံလို့မရဘူး၊ မဝါစကားနားထောင်တာပဲ ကောင်းတယ်၊ နောက်ဆက်မစုံစမ်းတော့ဘူး။

အဲ သူငယ်ချင်းရေ မရီတာကလဲ တို့ ကို ကျားလားမလားဆိုတာ သိချင်စိတ်ပြင်းပြနေတယ်၊ Mr DBA ကို အတင်းလိုက်ပြီး interview နေလေရဲ့၊ မရီတာ ရေ ရှင်က တော့ကျမကို ဆဲမဲ့သူ မဟုတ်ဘူးဆိုတာသေချာတယ်၊ JD ရဲ့comment ထဲမှာလဲ ကျမကို မျှမျှတတ ဝေဖန်ထား တာဆိုတော့၊ ကိုယ့်ကိုဆဲမဲ့သူတွေနဲ့တောင်ပြော ချင်သေးတာ ရှင်နဲ့ဆိုပိုပြောချင်တာပေါ့နော်၊ ရှင့်ရဲ့ email ပေးလေ ဒါမှမဟုတ်ကျမကို add လို့ရပါတယ်၊ Mr DBA က ရယ်ရတယ်ခလေး တစ်ယောက်အဖေ ဖြစ်ကြောင်း စီဘောက်ထဲ ဝင်လာထဲက ကြော်ငြာနေတယ်၊ ကျမ သိပါတယ် ကိုဒီဘီ nice ဖြစ်တာကို၊ ကျမ ဗညား ဆိုတဲ့နာမည်နဲ့ ကိုဒီဘီကိုစကားပြောဘူးတယ်လေ၊ မှတ်မိမှာပါ။ ကိုဒီဘီကတစ်ခါတစ်လေ sdl ကို ညီမလေး ညီမလေး ဆိုပြီးပြောင်လေ့ရှိတယ်။ sdl နဲ့ ကိုဒီဘီတို့နှစ်ယောက်လုံးကတော့ခင်စရာကောင်းတယ် ရွာသားရေ့ ၊ နောက်နေ့ဆက်မယ်သူငယ်ချင်း ။အဲ မဝါရေ အမပြောလို့ ဒီနေ့ နဲနဲ လိမ္မာတယ်နော်။ ပြင်းပြင်းထန်ထန် တွေ ဘာမှမပြောခဲ့ဘူးနော်၊ ဓက်ပုံတွေလဲ ဖြုတ်လိုက်ပြီနော် မဝါ။

မဝါရဲ့ email အောက်မှာဖော်ပြထားတယ်၊ မဝါကိုသူများတွေအထင်မှားမှာစိုးလို့ပါ၊ မkom စီဘောက်ထဲမှာ မြတ်နိုးခင်ဟာ ဝါဝါခိုင်မင်းလားဆိုပြီးမေးထားတာဒီမနက် တွေ့ခဲ့ တယ်၊ မြတ်နိုးခင် ဟာ မြတ်နိုးခင်ပါပဲလို့ ပြောပါရစေရှင်၊



from nan war war mg
to myatnoekhin33@gmail.com (Yes, this is you.) Learn more
date Mon, Oct 12, 2009 at 7:19 AM
subject Request
mailed-by gmail.com
signed-by gmail.com



ညီမမြတ်နိုးခင်လို့ ရေးရမလား ၊( မောင်) မြတ်နိုးခင်လို့ ရေးရမလား..
ဒါပေမယ့် ခေါ်လက်စအတိုင်း ညီမမြတ်နိုးခင်လို့ပဲ ရေးလိုက်ပါတယ်နော်.

မင်္ဂလာပါ ညီမ.

အစ်မတစ်ခုလောက် တောင်းဆိုချင်လို့ပါ ။
ညီမဘလော့ဂ်မှာတင်ထားတဲ့ အစ်မတို့ရဲ့ဓါတ်ပုံကိစ္စလေးနဲ့ ပတ်သက်ပြီး အစ်မ တစ်ခုလောက်တောင်းဆိုခွင့်ရှိရင်တောင်းဆိုချင်ပါတယ်နော်။

ညီမက အစ်မတို့ဓါတ်ပုံရိုက်တဲ့အဖွဲ့ထဲမှာ တကယ်ပါခဲ့တာလား။အဲဒီဓါတ်ပုံထဲမှာ ညီမဆိုလို့ ညီမငယ်ဝေလေးတစ်ယောက်ပဲပါဝင်တာလေ။
ညီမလေးဝေလေးကို စာဖတ်သူတွေ တမျိုးထင်မှာကို အစ်မစိုးရိမ်မိပါတယ် ညီမ။သူဟာ အရမ်းရိုးသားပြီး အေးအေးဆေးဆေးနေတတ်တဲ့
ညီမငယ်လေးတစ်ယောက်ပါ။သူ့အပေါ် သူများတွေတမျိုးမထင်စေချင်ပါဘူး ညီမရေ။
ပြီးတော့ အဲဒီဓါတ်ပုံထဲမှာ ရွာသားလေးလည်း မပါဝင်ခဲ့ပါဘူး။
ဓါတ်ပုံထဲမှာ မင်း နဲ့ ငါ ပါတယ်လို့ ရေးထားတော့ ဓါတ်ပုံထဲကသူ တစ်ယောက်ယောက်များလားလို့ အစ်မသံသယ၀င်ခဲ့မိပေမယ့် အစ်မတွေ့ဆုံခဲ့တဲ့သူတွေ
အားလုံးဟာ ရိုးသားကြပြီး ၊တစ်ဦးအပေါ်တစ်ဦး ခင်မင်လေးစားကြတဲ့သူတွေဖြစ်ကြပါတယ်။

ညီမ ဘယ်သူ့ကို မကျေမနပ်ဖြစ်နေတာလည်းဆိုတာကိုတော့ အစ်မ နားမလည်နိုင်အောင်ပဲ ဖြစ်ရပါတယ်။
မခင်ဦးမေကို မကျေမနပ်ဖြစ်မိတာ အစ်မနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်းမှာ ပိုပေါက်ကွဲမိတယ်ဆိုတဲ့စာကိုဖတ်ရတော့ အစ်မက တရားခံဖြစ်သွားသလိုပါပဲလား။
မခင်ဦးမေကလည်း လူအတွေ့မခံချင်တာ သူ့အကြောင်းနဲ့သူရှိပါလိမ့်မယ် ညီမရေ.. အဲဒါကို နားလည်ပေးလိုက်ပါနော်.

ကျေးဇူးပြုပြီး ညီမဘလော့ဂ်မှာတင်ထားတဲ့ အစ်မတို့ဓါတ်ပုံလေးကို ဖြုတ်ပေးစေချင်ပါတယ် ညီမ။
ညီမ ဘယ်သူ ဘယ်ဝါမှန်းအစ်မ မသိပေမယ့် ကိုယ့်ထက်အသက်ငယ်သူမို့ မိဘတွေနဲ့ဝေးနေရချိန်မှာ ကိုယ့်မြန်မာမိန်းကလေး ညီမလေးတစ်ယောက်ကို
အစ်မပြောသင့်တယ် ထင်တာလေးတွေပြောပြခဲ့မိတာပါ ညီမ။

ဒေါသတွေ ၊ခံစားနေရတာတွေကို လျှော့လိုက်ပါညီမရယ်။
ဘလော့ဂါမောင်နှမတွေရဲ့ စိတ်ချမ်းသာပျော်ရွှင်မှုက ညီမအပေါ်မှာ မူတည်နေပါတယ်။

ညီမ ဒီစာဖတ်ရရင် စာပြန်ပေးလာပါဦး။

အစ်မစာထပ်ရေးပါမယ်.

ငြိမ်းအေးနိုင်ပါစေ။

ဝါ၀ါခိုင်မင်း