Friday 9 October 2009

ရွာသားလေး(YTU) သို့ပေးစာ

ရွာသား ရေ မင်းက မေး လို့ တို့ရည်ရွယ်ချက် ဘာလဲဆိုတာပြောပြမယ်။ ဘာမှတော့ ထူးထူး ထွေထွေမရှိပါဘူးပျော်လို့လုပ်နေတာလဲမဟုတ်ဘူး၊ မြတ်နိုးခင်ဆိုတာ မင်းရဲ့ သူငယ်ချင်းထဲကတစ်ယောက်ပဲ ဒါပေမဲ့ ငါ့သူငယ်ချင်း တွေ အားလုံးကိုကိုယ်စားပြု ထားတဲ့နံမည်ဆို ရင်လဲမမှားဘူးပေါ့ကွာ။ မဝါလာတုန်းကတောင် တို့တွေ အတူသွားတွေ့ ကြသေးတယ်လေ၊ မဝါ နဲ့ယှဉ်ကြည့် တော့ မှ မခင်ဦးမေ တို့ကိုဆက်ဆံတာမဟုတ်သေးဘူးလို့ ခံစားရပြီး တော့ ငါစသောင်းကျန်း ဖြစ်တာပဲ၊ မင်း သူ့ကိုအပြင်မှာ ဘယ်နှစ်ခါမြင်ဘူးလဲ တို့တွေတစ်ခါမှမမြင်ဘူးဘူး
အင်း မင်းမြင်ဘူးရင် လဲမြင်ဘူးမှာပေါ့ မင်းက.... ဆိုတော့၊ သူကတို့တွေကို မတူတန်သလိုဆက်ဆံတာလေ၊ blogger တွေဆုံဖို့ ဖိတ်ဖူးတာ အခါခါ လေ ဘယ်နှစ်ခါလာဘူးလဲ?

ငါတို့ကတော့သူ့ကို ခင်လို့ သူ post အသစ်တင်တိုင်း သွားသွားဖတ်ပြီး comment တွေပေးရတာအမော၊ ထားပါတော့ တစ်ချို့က လူ တွေနဲ့ တွေ့ ဆုံ ဆက်ဆံဖို့ဝန်လေးတတ်ကြတယ် ဆိုပြီးမေ့ထားလိုက်တယ်၊ အဲ ဒါပေမဲ့ သူက ရန်ကုန်ပြန်တော့ ကိုနဗန နဲ့ တစ်ချို့တွေနဲ့ တွေ့ ခဲ့တယ်။ ဒါ နဲ့ နောက်ပိုင်းမှာ သူနဲ့မကြာခဏ စီဘောက်ပြော ဖြစ်တယ်၊ အဲဒီမှာ သူ အများဆုံး မျက်နှာသာပေးတာ ကTZA နဲ့ July Dream ၊ သူကအမျိုးသားရေးစိတ်ဓတ် ပြင်းထန်ပုံရတယ်၊ မောင်လေးတွေဆိုဘာပြောပြောစိတ်ဆိုးပုံမရဘူး၊ ဟိုကောင် steve ဆိုတဲ့ ကောင်ထောင့်မကျိုး ပြောနေတာလဲ ကြည် နူးနေပုံရတယ်၊ TZA၊ JD နဲ့ Boyz တို့ဆီမှာ အမြဲတမ်းပဲ၊ ခုလဲကြည့်လေ သူ့ စီဘောက် ကို JD က ကိုင်ထားတယ်၊ ဒါဘယ်လောက်ရင်းနှီးတယ် ဆိုတာပြနေတာပဲ။ မင်းသတိမထားမိလို့ ပါ ငါတို့တွေက သူ့ စီဘောက်ကိုစောင့်ကြည့်နေတာ တော် တော်ကြာပြီး၊ ညသန်း ခေါင်ကျော်မှ စီဘောက်လာ တတ်တာတွေ မနက်လင်း အားကြီးမှ post တင် တတ် တာ တွေ ဘာတွေ လျှိုဝှက် တာလဲ၊ ဒါမှ မဟုတ် ထွင်တာလားပေါ့၊ တစ်မျိုးလဲသံသယဝင် မိတယ်၊ သူ့မှာ ယောက်က်ျား ရှိတာ မဖြစ်လောက်ဘူးလို့၊ တို့တွေ သူ့ကိုသနားမလားလို့ ယောက်က်ျား ကဂရုမစိုက် တဲ့ အကြောင်း ထည့်ရေးတာဖြစ်မှာပဲလို့ ကောက်ချက်ချမိတယ်။ တစ်ခါ ပြန်စဉ်းစားမိတော့လဲ ဪ သူ့ယောက်က်ျား အိပ်နေတဲ့ အချိန်ခိုးပြောတာထင်တယ်လို့ တွေးမိပြန် ရော၊ တို့က အဲ့လို မိန်းမ တွေကို အထင်သေးတယ်၊

မဝါ တို့ မမိုးချို တို့ ဆိုရှင်းတယ် ဘာမှကွယ်ဝှက်တာမရှိဘူး၊ မဝါဆိုတို့ နဲ့ ခင်သာခင်တာ တစ်ခါမှ အချိန်မတော် မပြော ဖူးဘူး၊ kom နဲ့ စရိုက်တူ တဲ့ သူ တွေကိုလဲ သူ့ စီ ဘောက်ထဲမှာ တွေ့ရတယ်၊ ငါက အပျို လူပျို အီ တာ သဘာဝဆိုတာ ကိုလက်ခံထားပါတယ်၊ ဒါပေမဲ့ သစ်စ္စာမဲ့သူတွေ ကိုကြည့်မရဘူး၊ သူ့အုတ်စုထဲမှာ သစ်သစ် နဲ့ မျိုးကနေ့ခင်းဆိုလာတတ်တယ်၊ နန်းညီ နဲ့ nn လဲပုံမှန်လာသူတွေပေါ့၊ sdl ကတော့ အချိန်တော်တော်များများရှိတတ်တယ်၊ ပေါက် နဲ့ mae (မဲ လေးလို့ Boyz ကချစ်စနိုး ခေါ်သော) ကတော့ ညမိုးချုတ် တွေမှလာတတ်တယ်၊ အဓိက ကတော့ကွာ kom အကြောင်းသိချင်လို့ ငါ blog stalker လုပ်တယ်ဆို ပါစို့။

ဒါနဲ့ FB မှာ သူတို့တွေ ကိုရှာမိ တယ်၊ လျှို့ဝှက်ခြင်သူတွေကို ဖော်ထုတ်ချင်လေ့ရှိတဲ့ငါ့ဝါသနာလေ..ဟဲ.. ဟဲ kom အရမ်းနပ် တယ်နော ဓတ်ပုံ တို့ info တို့ ဘာမှမသိရဘူး။ တစ်ချို့ဆို ဓတ်ပုံမပါပေမဲ့ info တော့ ပါတတ်တယ်လေ၊ အဲဒီမှာမမျှော်လင့်ပဲ mae ကိုတွေ့တာပဲ၊ သူ့နာမည်ရင်းလဲမသိတော့ မဖိတ်မိပါဘူး ဒါမဲ့ group တွေဝင် တာ တူသွားတယ်ထင်တယ်၊ mae ကဓတ်ပုံရိုက်ကောင်းတယ်လို့ kom ဆီမှာနာမည်ကြီးတော့ သူ့blog စဆုံး ဖတ်ဘူးတယ် သူparis သွားတုံးကတင်ထားတဲ့ပုံ တွေတွေ့ ဖူးတော့မှတ်မိနေတာ ဟား ဟား သူက engaged တဲ့ သူ profile မှာ၊ ထူးဆန်းတာသူ့ husband to be ရဲ့ပုံတော့ တင်မထားဘူးဗျာ၊ တို့လဲ သိချင်ဇောကြီးသူလေ ဘာလို့ c box မှာအဲဒီလောက် အချိန် ဖြုံး နိုင်ပါလိမ့် ပေါ့ fiance` ရှိသားနဲ့ ဆိုပြီး သူ့ရဲ့ engaged to ကြီးကို click နှိပ်ဖိတ်လိုက်တာပေါ့ဟာ၊ ဟိုနွားလေးက ယောင်လည်လည်နဲ့ accept လုပ်လာတယ် လေ၊ ဓတ်ပုံတွေလဲတင် ထားလိုက်တာ သူ့ခမြာ ကြွားချင် လွန်းလို့ ထင်ပ ချစ်သူလေးနဲ့ တွဲထားတဲ့ပုံ ခလေးပုံ လေးတွေတင်ထားတာ၊ ငါကအကုန် save လုပ်ပြီး fliker နဲ့ picasa မှာတင်ထားလိုက်တယ်လေ။ သစ္စာ မရှိ လျှပ်ပေါ် လော်လီ တဲ့ လူ တွေကိုမုန်း တတ်တဲ့ ငါ့ ဝသီအတိုင်း သူတို့တွေကိုနှိပ်ကွပ်ဖို့ ပြင်ဆင်ခဲ့တာပေါ့။


မင်းပျင်းပြီလား နဲနဲဆက်ပြောဦးမယ်ကွာ၊ တိုတိုပြော ရင် စီဘောက်မှာစောင့်ကြည့်တယ် တစ်ခါတစ်လေနာမည်သစ် တွေနဲ့ဝင်ရောတယ်။ ပေါက် နဲ့ အဲဒီမဲလေးက ရင်းနှီးကြတယ်၊ ပေါက်က ထိုင်ဝမ်က သူ့ သမီးလေးအကြောင်း တစ်ခါတစ်လေပြောတယ်၊ သူတို့နှစ်ယောက်လုံး Boyz နဲ့ steve ကို တော်တော်လုံးတယ်၊ mae ကတော့ Boyz ကို တော်တော်သဘောကျပုံရတယ် မပီကလာပီကလာတွေ နဲ့ဟိုအရင်က မယ်လိုဒီမောင်ပြောသလိုမျိုး တွေပြောပြီး ကျူနေတာ။ ငါကလဲအဲလိုပတ်ချွဲနပ်ချွဲ ကောင်မတွေဆို နောက်ကနေ ဖင်ကိုဆောင့် ကန်ခြင်တာအထူးသဖြင့် ကိုယ့်ချစ်သူမဟုတ်ပဲ ပလီနေတာတွေလေ။ steve ဆိုတဲ့ လူကိုလဲ ငါကနှိပ်ချင်တာ ထောင့်မကျိုး ဘူး၊ မိန်းခလေးမှန်သမျှ ပေါ်တင် ရောတာ ပြီးတော့ သူကအထက်စီးက၊ ဒါပေမဲ့ သူ့မှာစီဘောက်လဲမရှိ comment box ကလဲ ဆင်ဆာ ဆိုတော့ တို့အခွင့် မသာဘူးဖြစ်နေတယ် သူငယ်ချင်းရေ့။

ဒေါ်ခင်မင်းဇော်က တော့ငါ့ သူငယ်ချင်းဗမာပြည်ကလူ တွေ ကို မြန်မာ blogger society ထဲမှာသွားဆော် ထား တာ၊ သူတို့တွေက တော်တော်တင်းနေကြ တာ ပြန်ပြောပြန်ရင်လဲလူကြီး ကိုယ့်ပဲရိုင်း တယ်ပြောခံရမှာ၊ အဲဒီတော့ သူတို့ကိုယ်စား ငါ တုတ်ပေးလိုက်တာ။ နင်သိပါတယ် ငါလူတိုင်းကိုမကောင်း မပြောဘူးဆိုတာ၊ နိုင်းနိုင်းစနေ သူ့ဘာသာ အေးအေး နဲ့ရိုးရိုးသားသားလေး တောင်ပေါ်မှာနေပြီး စာလေးတွေ ဘာသာပြန်ရေးနေတာ၊ ငါက ကဗျာ တွေ ပုံပြင်တွေ သိတ်မကြိုက်တတ်ပေမဲ့ သူ့ရိုးသားမှုကို လေးစားတယ်၊ ခင်ဦးမေ လို သူ့ blog မှာcomment များ များရအောင် ဆိုပြီး သူများ blog တစ်ကာလည်comment တွေ ကဗျာကရာ ပေး၊ သူများကလဲသူ့ကို ပြန်လာလည်ပေးနဲ့ ဆတ္တာသည် လင်ပျောက်လို blog တွေကြားမှာပြာယာခပ်နေတာ၊ နိုင်းနိုင်းစနေ မှာ အဲလို ပြိုင်ဆိုင်ချင်တဲ့ စိတ်မျိုးလဲရှိပုံမပေါ်ဘူး။ သူတို့အုတ်စုကြည့် ရတာ အတော်အေးချမ်းတယ်။ အဲ မောပြီ ရွာသားရေ နောက်နေ့ဆက်မယ်နော် FB မှာဓတ်ပုံတင်ထားတဲ့ သူတွေလဲ သွားမပြောနဲ့ဦးနော် လန့်ပြီးဖျက်ကုန်ဦးမယ်၊ ဒါပေမဲ့ သူငယ်ချင်းရေ ငါကFB account တွေအများကြီးနဲ့ friends တွေထောင်ကျော်နေသူဆိုတော့လဲကိစ္စမရှိပါဘူးကွာ။