Sunday 18 October 2009

မခင်ဦးမေသို့

ကျမ ရှင့်အကြောင်း မရေးတော့ဘူးလို့ အရင် post မှာ မဝါ ကိုပြောခဲ့ ပါတယ်၊ ဒါပေမဲ့ ရှင်က အခုမေးလာ ခဲ့ တော့ မေးတာတွေ ကို အောက်မှာ ရှင့် post နဲ့တွဲ ပြီးဖြေထားပါတယ်။ကျမကို မုန်းတီးစွာနဲ့ လာရောက်ဖတ်ရှူ့ကြတဲ့ စာဖတ်သူ ပိရိတ်သတ်လဲ ကျမ ဘာကို အဓိက ရည်ရွယ်ပြီး ရေးသလဲဆို တာသိကြသလို မခင်ဦးမေလဲသိမှာပါ။ အပေါ်ယံ ကြည့်ပြီး ပုဂ္ဂိုလ်ရေး ဆန်တယ်လို့ အမြင်မကြည် ဖြစ် ကြတာ လဲ အားလုံး ဖြစ်ခွင့်ရှိ ကြတာပဲလေ၊ လူတိုင်းကိုယ့် ခံယူချက်နဲ့ ကိုယ်ပိုင် ရည်ရွယ်ချက် တွေရှိ ကြသလို ကျမလဲ ကျမရည်ရွယ်ချက် အထ မြောက်အောင်လုပ်ခဲ့တာပဲ။ ဒီ blog ကိုရေးခဲ့ တာလဲ long term blogger ဖြစ်ဖို့ မရည်ရွယ် ခဲ့ ပါဘူး၊ ဆက်ရေးချင်လဲရေးမယ် မရေးချင်လဲမရေး ဘူး။ အချိန်ကုန်ခံပြီးဖတ်ပေးတဲ့ မုန်းသူ၊ရန်သူ အားလုံးကိုကျေးဇူးတင်ပါတယ်။



Collapsing

ထုံးစံအတိုင်း ခေါင်းငိုက်စိုက်နဲ့မြေကြီးကိုကြည့်ပြီး လမ်းလျောက်နေပေမဲ့ ခြေထောက်နဲ့ကန်ချင်တဲ့စိတ်တွေ ကိုထိန်းနေရတယ်။( ရှင့်ကို တစ်ချို့က အဖွားလို့ တောင်ခေါ်နေရ တဲ့ အသက်ရွယ် မိန်းမ တစ်ယောက်က အဲဒီလောက်ထိ ပျော့ညံ့နေတာလား ? ဒါမှမဟုတ် လွန်းထားထားတို့ လမင်းမိုမို တို့ထဲက စာသားတွေလား ? )

ပြင်ပလောက မှာစကားပြောစရာ မိတ်ဆွေ နည်းပါလိးု့ virtual world က မိတ်ဆွေများနဲ့သာ နေတဲ့ကိုယ့်ဘဝဟာ စိတ်အaနှာက်အယှက်ဖြစ်စရာတွေ ဖြစ်လာနေခဲ့တယ်။ ( ပြင်ပလောက မှာမိတ်ဆွေမရှိနိုင် လောက်အောင် ဘာချို့ယွင်းချက်တွေ ရှိနေပြီလဲ? ဆန်းစစ်ကြည့်ဖူးလား? )

ဒီနေ့ မနက်က ဘာပြူလို့မှန်းမသိဘဲနဲ့ ပတ်ဝန်းကျင်ဟာ မြုဆိုင်းသလို ဘာမှ မမြင်ရဘူး အရာအားလုံးဟာ မှိုင်းဝေနေခဲ့တယ်။(ဒါဟာလဲ ဖွဲ့နွဲ့ခြင်း တစ်မျိုးလား ? ဝထ္ထုတွေထဲကလား ? ဒါမှမဟုတ် မျက်စိမှုံသောကြောင့်လား ? )

ရေတွေကို ကိုယ်ချစ်တယ်။ တိမ်တွေကိုလည်းချစ်တယ်။ (ဒါတွေကတော့သေချာတယ် အချစ်ဇတ်လမ်း တွေထဲမှာပါနေကျ အရေးတွေ၊ အပြင်လောကမှာ တစ်ကယ်ချစ်လို့မှမရတာ)

အပြန်လမ်းမှာ ရှောပင်းစန်တာ ကြီးလဲ မိုးချုပ်လို့သိမ်း ဆည်းနေခဲ့ပြီ ။ ဆိုင်တွေ လဲ အိပ်ဘို့ပြင်ကြပြီ။ ကြည့် နေရင်းနဲ့ ပတ်စွာခွာ ဖျာသိမ်း ဆိုတဲ့ စကားလုံး the end ဆိုတာ ခေါင်းထည်း ကိုရောက်လို့ရေရွတ်နေခဲ့မိတယ်။ (ဆိုင်တွေပိတ်တာ အပြီးတိုင် မဟုတ်ဘူး လေ၊ နေဝင်ပြီးရင် နေထွက်သလို နောက်နေ့ ပြန်ဖွင့်တာပဲ မဟုတ်လား၊ the end ဆိုတဲ့ တင်စားမှုနဲ့ နယ်ရုပ်ကလေးတွေကို ရှေ့ထွက်ခိုင်းလိုက်တာလား….sdl….boyz…..JD….တို့လေ )

ကိုယ်ဘလော့ပိတ်မှာလား။ စီပုံးပိတ်မှာလား။(အဲဒီလို ရေရွတ်တဲ့ သဘောက ပိရိတ်သတ်ဆီက အကြံညဏ်ယူခြင်းလား သို့မဟုတ် ပိရိတ်သတ်မေတ္တာကို အသနားခံယူခြင်းလား ? ဒါမှမဟုတ် ဆယ်ကျော်သက်မဟုတ်တော့တဲ့ အရွယ်များစွာကျော်လွန်ပြီး လုပ်ငန်းခွင် ဝင်နေတဲ့ မိန်းမ တစ်ယောက်အနေနဲ့ ကိုယ်ပိုင် decision မချနိုင်တာလား? )

ပိတ်ဘို့ ရည်ရွယ်ချက်မရှိပေမဲ့ မခိုင်တဲ့ နလုံးသား ကတော့ယိုင်နေခဲ့ပြီ။ (လူတော်တော် များများကို ကျသွားစေလောတ်တဲ့ ခပ်နုနု စကားလုံးတွေပဲ။ မခင်ဦးမေ ပညာတော်တော်တတ်တယ်….ကိုမဆလာကိုလဲ ဒီလိုစကားလေးတွေနဲ့ ကစားခဲ့တာပဲလား) နေ့စဉ်နဲ့အမျ ထိခိုက်ံခံနေရတဲ့ ကိုယ့်နလုံးသား ရင့် ကျက်ပေ မဲ့လည်း. အောင့်နေခဲ့ပြီ။(သူတစ်ပါး ကိုရော ကိုယ့်ကြောင့် ထိခိုက် စေခဲ့သလားလို့ တွေးခဲ့ ဘူးလား ? )

ရည်ရွယ်ချက်ကဘာလဲ ဘယ်လဲ ဘာဖြစ်စေချင်တာလဲ။ ရပ်စေချင်တာလား။ ဟင့်အင်း ကိုယ်မရပ်ပါဘူး။ ရေးချင်ရင်ရေးမယ်။ မရေးချင်လည်းမရေးဘူး။ ရေးလဲရေးပါတယ်။ မကောင်းဘူးလား. ကျော်ဖတ်သွားပါ။ ကျေးဇူးတင်တယ်။ (ရည်ရွယ်ချက်က တော့ ရှင့်ကို မုန်းလို့ ခါးခါးသီးသီး မုန်းလို့ ဖန်တီးခဲ့ပါတယ် ၊ကျမပွင့်ပွင့်လင်းလင်းပဲပြောတတ်တယ်၊ အုံ့ပုံးမဟုတ်ပါ်၊ အပြောရင့်လို့ အောင့်သွားတယ်ဆိုရင် မတောင်းပန်နိင်ပါ၊)

Anonymous ကြိုဆိုပါတယ်။ ပြောချင်ရာပြောဘို့ဖွင့်ထားပေးခဲ့တယ်။ ကြို့က်သျူရှိမယ်။ မကြိုက်သူရှိမယ်။ ချစ်သူရှိမယ်။ မုန်းသူရှိမယ။် (ဒါ သိပ်မှန်ပါတယ် တို့တွေ တော်တော်များများ ရှင့်ကို မ ကြိုက်ကြ ဘူးလေ) ကြိုက်နစ်သက်သလိုပြောသွားနိုင်ပါတယ်။(ဒါကြောင့် ခုလို blog ဖွင့် ပြီးပြောပါတယ်) ဒါပေမဲ့ မသက်ဆိုင်သူတွေ နစ်နာလို့ မပိတ်ချင်ဘဲပိတ်ခဲ့ရတယ်။ နိုင့်င့ရေးတွေလာရေးပြန်တယ်။ အော်ခက်ပါ့။ လူမှားနေပြန်တယ။် (ဒါကတော့ ကျမနဲ့ မဆိုင်ပါ)

စီပုံးမှာ မိုးမွန်နေပြန်တယ။် ( Blog ဖွင့်ပြီး ရေးထဲက ကျမ စီပုံးမှာ ဝင်မရေးတော့ပါ ) ဘာဖြစ်တာလဲကွယ်။ မကရက ပိတ်သွားတာနဲ့ဘဲ ဒီမှာလာပြီး များ ပေါက်ကွဲနေပြန်တာလား။ ပရိသတ်လိုချင်လို့လား။ (Blog ရေးထဲက ဘာ ပရိသတ် မှမလိုချင်လို့ စီပုံး ရော comment ရော မဖွင့် တာ ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဘူး ထင်ပါတယ်)

ပြောချင်လို့လား။ outlet လိုချင်လို့လား. ဘာများအကျိုးရှိသွားမှာပါလိမ့်။(ရှင့်ကို မုန်းတဲ့သူတွေ၊ ကြည့်မရသူတွေ ဘက်က တစ်စုံတစ်ရာ အမြတ်ရသွားတယ်လို့မြင်ကြပါတယ်) ပြောလိုက်ရလို့ ရင်ထဲပေါ့သွားသလား။ ဆက်ပြောနိုင်ပါတယ်။ စီပုံးတော့ မပိတ်ချင်ပါဘူး။ အထီးကျန်တဲ့ကိုယ့်ဘဝက စီပုံးကလေးကိုချစ်ပါတယ်။ (အိမ်ရှင်မလဲဖြစ်တယ၊် အလုပ်လဲရှိတဲ့ မိန်းမ တစ်ယောက်မှာ အထီးကျန် ဆန်ရ လောက် အောင် အချိန် တွေ ပေါများနေလား ? )

လောကကိုညည်းငွေ့နေတဲ့အချိန်မှာ ညျော်ကျမယ်ရှင့်လို့ .. အိမ်ပေါ်ကဆင်းလိုက်ဦးမယ်တို့ နဲ့ စိတ်သက်သာသလိုနေနေတာမို့လို့ ခံနိုင်ရည်ရှိ သလောက်ကတော့ ပြောသွားနိုင်ပါသေးတယ်။ (လောကကို ငြီးငွေ့ ရအောင်စိတ်ဓါတ် ကျနေသလား ? ဒါဆိုစိတ်ရောဂါ အထူးကုဆီသွား ဒါမှမဟုတ် ဘုန်းကြီးကျောင်းသွား။)

သူဘယ်သူလဲလို့တော့သိခွင့်ရှိရင်သိချင်ပါသေးတယ။် ( ရှင့်အုပ်စုက မရီတာနဲ့ gtalk ပြောခဲ့ တော့ ကျမဟာ မိန်းမ တစ်ယောက်ဆိုတာတော့ရှင်သိပြီးဖြစ်မှာပါ၊ ရှင့်ကိုမုန်း တဲ့သူတွေထဲက တစ်ယောက်ပါ၊ နာမည်ရင်းပြောစရာ မလိုဘူးထင်ပါတယ်၊ virtual world မှာ ရှင့်နာမည် ခင်ဦးမေ ကျမနာမည် မြတ်နိုးခင်)

ချောင်းရိုက်မလို့မဟုတ်ပါဘူး။ (ရိုက်ချင်လဲရိုက်နိုင်ပါတယ်၊ Jurong West မှာ နေ တယ်၊ mid 20s ၊ ဘွဲ့တစ်ခုရတယ်၊ အလုပ်လုပ်နေတယ်၊ ၈ နှစ်သမီး ထဲက စစ်တုရင်ကစားပေမဲ့ နယ်ရုပ်တွေနဲ့မြင်းတွေကို ရှေ့ ထွက်တိုက်ခိုင်း တဲ့ သူရဲဘောကြောင်တဲ့ ဘုရင်မကြီးနေရာက မိန်းမတွေကိုမနှစ်သက်ပဲ ကိုယ်တိုင်ရှေ့တန်းဆင်း တဲ့ဂျုံးအော့အတ် လိုအမျိုးသမီး များကိုလေးစားသူပါ။) သိချင်တာပါဘဲ။ ( ဒီထက် ပိုသိချင်ရင် ကိုယ်တိုင်ကိုကျ gtalk မှာလာမေးနိင်ပါတယ်)